နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ် နိုင်ပွဲစရမယ့် ရီးရဲမက်ဒရစ် ဘက်မှာပဲ ရပ်တည်ပါ – ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်

ရီးရဲမက်ဒရစ် vs အင်တာမီလန်

နိုဝင်ဘာလ ၄ ရက်နေ့ ဗုဒ္ဓဟူးနေ့ မြန်မာစံတော်ချိန် နံနက် ၂ နာရီခွဲမှာကစားမယ့် ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် တွေ ထဲက ရီးရဲမက်ဒရစ် နဲ့ အင်တာမီလန် တို့ရဲ့ ပွဲနဲ့ ပတ်သတ်ပြီး SBOTOP ချန်ပီယံလိဂ် ပရိသတ်တွေ အတွက် ပွဲကြို ခန့်မှန်းချက်တချို့ကို ဖော်ပြပေးသွားပါမယ်။ နှစ်သင်းစလုံး အခုနှစ် ချန်ပီယံလိဂ် အတွက် ပထမဦးဆုံး အနိုင် ၃ မှတ် မဖြစ်မနေ ရရှိဖို့ ယှဉ်ပြိုင်ကြ ရမယ့် ပွဲစဉ်ဖြစ်ပါတယ်။ လက်ရှိ အုပ်စု B ရဲ့ အတောင့်တင်းဆုံး အသင်းတွေ ဖြစ်ပေမယ့်  အုပ်စု ပွဲစဉ် ၂ ပွဲ ကစားပြီးချိန် အထိ အနိုင် ၃ မှတ် ရှာမတွေ့သေးလို့ အခုပွဲကိုတော့ အနိုင်ရရှိဖို့ အဓိကထား ယှဉ်ပြိုင် လာဖို့ ရှိနေပါတယ်။

အခုနှစ် ချန်ပီယံလိဂ် ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး အုပ်စု ဖြစ်ပါတယ်။ စပိန်နဲ့ အီတလီ ထိပ်သီး အသင်း ၂ သင်း ပါဝင်နေတဲ့ ဒီအုပ်စုမှာ ရှုံးထွက်အဆင့် တက်ဖို့ ရာခိုင်နှုန်း နည်းတဲ့ ယူကရိန်း ကလပ်နဲ့ ဘွန်ဒက်စ်လီဂါရဲ့ အလယ် အလတ်အဆင့်ပဲ ရှိတဲ့ ကလပ်တွေက လက်တလော အမှတ်ပေးဇယားကို  ဦးဆောင်နေပါတယ်။ ရီးရဲမက်ဒရစ် တို့ ပွဲဦးထွက်မှာ ကိုဗစ် ကပ်ရောဂါကြောင့် အဓိက ကစားသမား ၈ ဦး လောက် ပါဝင် ကစားနိုင်ခြင်းမရှိတဲ့ ရှက်တာဒိုးနက်စ်ကို အိမ်ကွင်းမှာ အရှက်တကွဲ ရှုံးနိမ့်ပြီး ဒုတိယ ပွဲစဉ်မှာ မိုချက်ဂလတ်ဘတ်နဲ့ အဝေးကွင်းမှာ သရေကျထားပါတယ်။ အဲ့ဒီပွဲတုန်း ကလည်း ပွဲချိန် ၈၅ မိနစ် ကျော်အထိ ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်နေခဲ့ပေမယ့် ကတ်စီမီရို ခြေစွမ်းပြမှုကြောင့် အဖိုးတန် သရေ ၁ မှတ် ရခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ရီးရဲမက်ဒရစ် ရဲ့ ခြေစွမ်းကို ပြောရရင် အက်ကလက်ဆီကို တစ်ပွဲပဲ အားရစရာ ရှိပါတယ်။ နောက်ခံလူ ရာမို့စ် မပါနိုင်တဲ့ ပွဲတွေဆိုရင် ဗာရန်းနဲ့ မီလီတောင် ခံစစ် အတွဲက အလွဲလွဲ အမှားအမှား ဖြစ်နေပြီး တောင်ပံ က အဆန်ဆီရို၊ လူးကပ်စ် ဗက်စကွက်တို့ ကလည်း စိတ်မချရပါဘူး။ လာလီဂါမှာ တန်းတက် အက်စ်ဒီ ဟူးစကား ကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားတယ် ဆိုပေမယ့် အသင်းကြီး တစ်သင်း ခြေစွမ်းမှာ ရှိမနေတာ တွေ့ရပါတယ်။ ဒါပေမယ့် ရီးရဲမက်ဒရစ်နဲ့ ဇီဒန်း အတွက် အကြောင်း ပြချက် ပေးလို့ရမယ့် နောက်ဆုံး အခွင့်အရေး ကုန်သွားလောက်ပြီ ဖြစ်လို့ လာမယ့် အင်တာမီလန် နဲ့ ပွဲကနေ ဒီနှစ် ချန်ပီယံလိဂ် မှာ ပထမဦးဆုံး နိုင်ပွဲရအောင် ရှာပါလိမ့်မယ်။ လက်ရှိ လူစာရင်းအရ ရီးရဲမက်ဒရစ် မှာ ကာဗာဂျယ်၊ အိဒီဂတ်၊ နာချို တို့က လွဲလို့ အဓိက ကစားသမားတွေ အကုန်လုံး ဒဏ်ရာရ/ပွဲပယ် ကင်းရှင်း နေတာ တွေ့ရပါတယ်။

 
ရီးရဲမက်ဒရစ် ရုံးကန်နေရတာကို လိုက်ပြီး အင်တာမီလန်ကလည်း လိုက်ပြီး ရလဒ်ဆိုးနေပါတယ်။ ကွန်တီရဲ့ အင်တာမီလန်အတွက် အဓိက အားနည်းချက် ဒါမှမဟုတ် အမှားလို့ ပြောရင် တစ်ချက်ပဲ ရှိပါတယ်။ လုပ်သင့် လုပ်ထိုက်တာတွေ မလုပ်မိတဲ့ အတွက် ရသင့်ရထိုက်တာတွေ ဆုံးရှုံးနေရတာပါ။ မာတီနက်ဇ်၊ ပယ်ရီဆစ်ခ်၊ ဘာရယ်လာ၊ ဟာကီမီ၊ လူကာကူ၊ ဗီဒယ်၊ ဘရိုဇိုဗစ်၊ ဒီဗရစ်ဂျ်၊ ဆန်းချက်ဇ် စတဲ့ ထိပ်တန်း အဆင့်ရှိ ကစားသမားတွေနဲ့ ပြည့်နှက်နေ‌ပေမယ့် အင်တာမီလန်ကတော့ သရေကျလို့ ကောင်း နေတုန်းပါ။ ဒီရာသီမှာ အင်တာတို့ ချန်ပီယံလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၈ ပွဲ ကစားပြီး ၃ ပွဲနိုင်၊ ၄ ပွဲသရေကျပြီး ၁ ပွဲရှုံးထားပါတယ်။ လာဇီယို၊ မိုချင်ဂလတ်ဘတ်၊ ရှက်တာဒိုးနက်စ် တို့ အပြင် နောက်ဆုံး ပါးမားကိုပါ အိမ်ကွင်းမှာ နောက် ကနေ လိုက်ကစားပြီး ၂-၂ နဲ့ သရေကျထားတာ တွေ့ရပါတယ်။ ဒါကို ကြည့်မယ်ဆိုရင် အင်တာ မီလန် တို့ ခံကစားနိုင်တဲ့ ပြိုင်ဘက်‌တွေ နဲ့ ဆို ရုံးကန်နေရတယ် ဆိုတာ သိသာပါတယ်။ အခု ပွဲကလည်း ရီးရဲမက်ဒရစ် အိမ်ကွင်း ရှိရာ စပိန်မြေကို လာကစားရမှာ ဖြစ်လို့ ကွန်တီရဲ့ အသင်းကို သိပ်ပြီး မျှော်လင့် လို့ မရပါဘူး။ နောက်ပြီး လူကာကူ ဒဏ်ရာကြောင့် ပါဝင်နိုင်ဖို့ မသေချာလို့ အင်တာမီလန်တို့ မက်ဒရစ်မြေ မှာ ကျိန်းသေပေါက် ရုံးကန်ရဖို့ ရှိနေပါတယ်။

ဒီရာသီမှာ အင်တာတို့ ချန်ပီယံလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၈ ပွဲ ကစားပြီး ၃ ပွဲနိုင်၊ ၄ ပွဲသရေကျပြီး ၁ ပွဲရှုံးထားပါတယ်။
အခုနှစ် ချန်ပီယံလိဂ် အုပ်စု B မှာ နိုင်ပွဲ မရသေးတဲ့ အင်တာမီလန်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၉ ကြိမ် မှာတော့ အင်တာမီလန် က အသာရထားတာ တွေ့ရပါတယ်။ အင်တာမီလန်တို့ ၅ ကြိမ် အနိုင်ရပြီး ရီးရဲမက်ဒရစ် က ၃ ကြိမ် အနိုင်ရထားသလို သရေပွဲကတော့ ၁ ပွဲပဲ ရှိထားပါတယ်။ မှတ်မှတ်ရရ ၁၉၉၈ ခုနှစ် ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ အင်တာနဲ့ ရီးရဲမက်ဒရစ်တို့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး အဲ့တုန်းက အင်တာမီလန်က ရော်ဘတ်တို ဘတ်ဂီယိုရဲ့ သွင်းဂိုး အပါအဝင် ၃-၁ နဲ့ အနိုင်ရခဲ့ဖူးပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ရီးရဲမက်ဒရစ် vs အင်တာမီလန် 1X2 ရီးရဲမက်ဒရစ် @ 1.88
နိုဝင်ဘာလ ၄ ရက်, မနက် ၂:၃၀ နာရီ (GMT + ၆:၃၀)

1X2ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၉၀ ဆ၊ ဧည့်သည်အသင်းအတွက်က ၃.၆၀ ဆနဲ့ သရေအတွက် ၃.၇၅ ဆ ကြေးဖွင့်ထားပါတယ်။  နိုင်ပွဲ မရသေးတဲ့ အသင်းချင်းအတူတူ ရီးရဲမက်ဒရစ် တို့ ဖိအား ပိုများ နေပါလိမ့်မယ်။ ၂၀၂၀ ခုနှစ်အတွက် ပထမဦးဆုံး ချန်ပီယံလိဂ် နိုင်ပွဲ အတွက်ရော၊ နောက်တစ်ဆင့် တက်ဖို့ပါ အရေးပါနေတဲ့ ဒီပွဲ မှာ အိမ်ကွင်း အားသာချက် ရှိနေတဲ့ ရီးရဲမက်ဒရစ်ကို ပိုသဘောကျပါတယ်။ အင်တာမီလန်ရဲ့ လူစာရင်းဟာ ရီးရဲမက်ဒရစ်ထက် သာပေမယ့် လူငယ်ကြယ်ပွင့်တွေ ရဲ့ ရုန်းအား ကောင်းကောင်းနဲ့ ရှေ့ဆက်နေတဲ့ ရီးရဲမက်ဒရစ်ပဲ အနိုင် ၃ မှတ် ရှာတွေ့ သွားပါလိမ့်မယ်။ ၂-၁ သို့မဟုတ် ၃-၁ လောက်နဲ့ ရီးရဲမက်ဒရစ် အနိုင်ရသွားမယ့် ပွဲပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်