နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နယူးကာဆယ်နဲ့ ရာပြည့်တွေ့ဆုံပွဲကနေ ပရီးမီးယားလိဂ် အနိုင် ၃မှတ် အမြတ်ထုတ်မယ့် ဝုဗ်

ဝုဗ်ဗာဟန်တန် ဝမ်းဒါးရားစ် vs နယူးကာဆယ်ယူနိုက်တက်

အောက်တိုဘာလ ၂၅ ရက်နေ့ မြန်မာစံတော်ချိန် ည၁၁ နာရီ မှာတော့ ဝုဗ်နဲ့ နယူးကာဆယ်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ရှိနေပြီး တွေ့ဆုံချိန်တော်တော်များများ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သလို အခုပွဲဟာ အကြိမ် ၁၀၀ မြောက် တွေ့ဆုံမှု ဖြစ်လို့ SBOTOP ပရီးမီးယားလိဂ် ပရိသတ်တွေ အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ရှိပါတယ်။

ဝုဗ်တို့ နောက်ဆုံးကစားခဲ့တဲ့ လိဒ်စ်ယူနိုက်တက်နဲ့ ပွဲစဉ်မှာ အဝေးကွင်းမှာ သွားရောက်ကစားခဲ့ရပေမယ့် တိုက်စစ်မှူး ရာအူးလ်ဂျင်မီနက်ဇ်ရဲ့ သွင်းဂိုး ၁ဂိုး တည်းနဲ့ အနိုင်ရပြီး ပရီးမီးယားလိဂ်မှာ နိုင်ပွဲဆက်ထားပါတယ်။ အစောပိုင်း ဖူလ်ဟမ်နဲ့ ပွဲမှာလည်း နီတိုရဲ့ သွင်းဂိုး ၁ ဂိုးတည်းနဲ့ အနိုင်ရထားတဲ့ ဝုဗ်တို့ ရာသီအစပိုင်း ခြေစွမ်းမတည်မငြိမ် ဖြစ်ခဲ့တာကို အကောင်းဆုံး ပြင်ဆင်ထား နိုင်တယ်လို့ဆိုရမှာပါ။ မနှစ်က ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်တွေကို အကောင်းဆုံး ဒုက္ခပေးခဲ့တဲ့ ဝုဗ်တို့ အဖွင့်ပွဲစဉ်မှာ ရှက်ဖီးလ်ယူနိုက်တက်ကို အနိုင်ရပြီး အဖွင့်လှခဲ့ပေမယ့် ကြားရက် ခရာဘောင်ဖလားမှာ ရှုံးနိမ့်ခဲ့တာက စလို့ ဝုဗ်တို့ တောက်လျောက် ရှုံးပွဲဆက်ခဲ့ပါတယ်။ မန်ချက်စတာစီးတီးကို အိမ်ကွင်းမှာ အရေးနိမ့်ပြီးနောက်ပွဲမှာ ဝက်စ်ဟမ်းကို ၄-၀ နဲ့ ဂိုးပြတ် အရှုံးပေးခဲ့ရပြန်ပါတယ်။ ဒါပေမယ့် ပွဲ ၄ နဲ့ ၅ မှာတော့ တန်းတက်နှစ်သင်းကို ၁ဂိုးစီနဲ့ အနိုင်ရပြီး ရမှတ်တွေ ပြန်ပြီး ရှာဖွေထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်တလော ပရီးမီးယားလိဂ်မှာ ၅ပွဲကစားပြီး ၃ ပွဲအနိုင်ရထားလို့ ရလဒ်ပိုင်း မဆိုးဘူးလို့ ပြောလို့ရပြီး အဆင့် ၃နေရာက လိဒ်စ်နဲ့ ၁ မှတ်ပဲ ကွာဟနေသလို အခုပွဲမှာ အနိုင်ရရင် အမှတ်ပေးဇယား အထက်ပိုင်းကို တက်လှမ်းနိုင်မှာ ဖြစ်လို့ နယူးကာဆယ်ကို အနိုင်ကစားဖို့  ကျိန်းသေပေါက် ပြင်ဆင်လာမှာပါ။

ပရီးမီးယားလိဂ်မှာ ၅ပွဲကစား ၂ပွဲနိုင်၊ ၁ပွဲသရေ၊ ၂ပွဲရှုံးနဲ့ အမှတ်ပေးဇယား အဆင့် ၁၄နေရာမှာ ရပ်တည်နေခဲ့ပါတယ်။
ပရီးမီးယားလိဂ် တွေ့ဆုံမှုတိုင်းမှာ ဝုဗ်ကို အသာရလေ့မရှိတဲ့ နယူးကာဆယ်

ဧည့်သည် နယူးကာဆယ်ကတော့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက် ကို ဦးဆောင် ဂိုးသွင်းပြီး အကောင်းဆုံး ရင်ဆိုင်ခဲ့ပေမယ့် ပွဲပြီးခါနီး အံ့အားသင့်စရာ ခြေစွမ်းနဲ့အတူ ယူနိုက်တက်ကစားသမား တွေက  ချေပဂိုး နဲ့ အနိုင်ဂိုးတွေ ဆက်တိုက်သွင်းသွားခဲ့လို့ နိုင်ပွဲပျောက်ဆုံးထားပါတယ်။ ပွဲဦးထွက်မှာ ဝက်စ်ဟမ်းကို အနိုင်ရရှိပြီး နောက်ပွဲမှာတော့ ဘရိုက်တန်ကို ၃ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။ အဲ့နောက်မှာ တော့တင်ဟမ်ဟော့စပါးကို သရေကစားပြီး ပွဲစဉ် ၄မှာတော့ ဘန်လေကို ၃-၁ နဲ့ အနိုင်ရခဲ့ပါတယ်။ နောက်ဆုံးပွဲမှာလည်း ခြေပြန်မှန်နေတဲ့ နယူးကာဆယ်တို့ ယူနိုက်တက်ရဲ့ ဖိအားလျော့ရေး အားစိုက်ပြီး နိုင်ပွဲ ရှာဖွေမှု ဒဏ်ကို ခံစားခဲ့ရလို့ အရှုံးနဲ့ ရင်ဆိုင် လိုက်ရပါတယ်။ လက်တလော ပရီးမီးယားလိဂ်မှာ ၅ပွဲကစား ၂ပွဲနိုင်၊ ၁ပွဲသရေ၊ ၂ပွဲရှုံးနဲ့ အမှတ်ပေးဇယား အဆင့် ၁၄နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ နည်းပြစတိဗ်ဘရုစ်ရဲ့ နယူးကာဆယ်ကတော့ နှစ်တိုင်း အလယ် အလတ် အဆင့်မှာပဲ ရပ်တည်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့ပွဲတွေမှာ မထင်မှတ်တဲ့ရလဒ်တွေ လုပ်ပြပြီး နိုင်ပွဲရှာတတ်လို့ အခုပွဲစဉ်မှာ လည်း ဝုဗ်ကို ကောင်းကောင်း ကြီး ဒုက္ခပေးလာနိုင်ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

လာမယ့် တနင်္ဂနွေနေ့ မှာ ကစားကြမယ့် ဝုဗ်နဲ့ နယူးကာဆယ်တွေရဲ့ တွေ့ဆုံမှုဟာ အကြိမ် ၁၀၀မြောက် ထိပ်တိုက်တွေ့ဆုံခြင်း ဖြစ်ပြီး အိမ်ရှင် ဝုဗ်က ၄၁ ကြိမ်အနိုင်ရခဲ့ပြီး နယူးကာဆယ်ကတော့ ၃၂ ကြိမ် အနိုင်ရထား ပါတယ်။ ၂၆ ကြိမ်ကတော့ သရေကျထားခဲ့ပြီး နောက်ပိုင်း ပရီးမီးယားလိဂ် တွေ့ဆုံချိန်တိုင်းမှာ သရေကျခဲ့တဲ့ အကြိမ် တော်တော်လေး များပါတယ်။ ၂၀၁၀ ခုနှစ်နောက်ပိုင်း ဝုဗ်နဲ့ နယူးကာဆယ်တို့ ၁၂ကြိမ် တွေ့ဆုံထားရာမှာ သရေ ၅ပွဲ အထိရှိခဲ့ပြီး ဝုဗ်က ၃ ပွဲနိုင်နဲ့ နယူးကာဆယ်က ၄ပွဲနိုင်ထားတာ တွေ့ရပါတယ်။ မနှစ်က ထိပ်တိုက်တွေ့ဆုံမှု နှစ်ကျော့စလုံး မှာတော့ တစ်ဖက် တစ်ဂိုးစီ သရေကျထားခဲ့ပါတယ်။ အိမ်ရှင် ဝုဗ်အသင်းအနေနဲ့ အဓိကကစားသမား တွေနဲ့ ပွဲထွက်လာနိုင်ပေမယ့် နယူး ကာဆယ် မှာတော့ အိုင်ဇက်ဟေဒန်၊ မတ်ရစ်ချီ၊ ကားလ်ဒါလိုတော့ ပါဝင်လာနိုင်ဖို့ မသေချာပါဘူး။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဝူဗာဟမ်တမ် vs နယူးကာဆယ် ယူနိုက်တက် 1X2 ဝူဗာဟမ်တမ် @ 1.78
အောက်တိုဘာလ ၂၅ ရက်, ည ၁၁:၀၀ နာရီ (GMT + ၆:၃၀)

1×2ရဲ့ ပေါက်ကြေးအရ အိမ်ရှင်ဘက်က ၁.၇၈ ဆ၊ ဧည့်သည်ဘက်က ၅.၀၀ ဆနဲ့ သရေအတွက် ၃.၄၀ ဆ ကြေးဖွင့်ထားပါတယ်။ တွေ့ဆုံခဲ့တဲ့ အချိန်တော်တော်များများမှာ ဝုဗ်အနိုင်ရတာများပြီး လက်ရှိခြေစွမ်းပိုင်း အရလည်း ဝုဗ် ပိုသာနေတယ်ဆိုတော့ ငြင်းလို့မရပါဘူး။ ရာသီအစက ခြေစွမ်းပိုင်းယိမ်းယိုင်ခဲ့တဲ့ ဝုဗ်တို့ လိဒ်စ်ယူနိုက်တက်လို အသင်းမျိုး ကိုတောင် အဝေးကွင်းမှာ အနိုင်ရယူထားတာပါ။ ပေါက်ကြေးအရ ကြည့်မယ်ဆိုရင်လည်း ဝုဗ်ကို ပဲ ရွေးချယ်ထားတာ မှန်ကန် တဲ့ ဆုံးဖြတ်ချက်ပါ။ ဝုဗ် ပဲသွင်းဂိုးအနည်းနဲ့ ကပ်ပြီး အနိုင်ရသွားပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်