နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ်နိုင်ပွဲ စတင်ရှာဖွေမယ့် သရဲနီတွေကို အပြည့်အဝ ယုံကြည်ထားတာ မမှားပါဘူး။

မန်ချက်စတာယူနိုက်တက် vs ချဲလ်ဆီး

အောက်တိုဘာလ ၂၄ ရက်နေ့ ညမှာ ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၆ ရဲ့ အကောင်း ဆုံးပွဲစဉ်တစ်ပွဲ ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် နဲ့ ချယ်လ်ဆီးတို့ရဲ့ ပွဲစဉ်နဲ့ ပတ်သတ်လို့ SBOTOP ရဲ့ ပရီးမီးယားလိဂ် ပရိတ်သတ်တွေ အတွက် ကြိုတင်သုံးသပ် ခန့်မှန်းပေးချင်ပါတယ်။

 
သမိုင်းတစ်လျှောက် ထိပ်တိုက်တွေ့ဆုံမှုပေါင်း ၁၈၇ ကြိမ်အထိရှိထားပြီး တွေ့ဆုံချိန်တိုင်း အကြိတ်အနယ်ရှိခဲ့လို့  ဒီတစ်ကြိမ်မှာလည်း ပရိသတ်တွေကို စိတ်လှုပ်ရှားမှု အပြည့်ပေးနိုင်ဦးမှာ သေချာပါတယ်။ ပရီးမီယားလိဂ် ပွဲစဉ် ၄ ပွဲ ကစားအပြီး ၂ ပွဲနိုင်၊ ၂ ပွဲရှုံး၊ ရမှတ် ၆ မှတ်နဲ့ အဆင့် ၁၅ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်တို့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ အနိုင် ၃မှတ်ရရှိဖို့ သေချာပေါက် ပြင်ဆင်လာမှာပါ။  နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် မှာ နယူးကာဆယ် ယူနိုက်တက်ကို ၁-၄  ရလဒ်နဲ့ အနိုင်ရခဲ့ပြီးတဲ့နောက် ချန်ပီယံလိဂ် အဖွင့်ပွဲမှာလည်း ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီကို ၁-၂ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ နည်းဗျုဟာပိုင်း ပြင်ဆင်လိုက်တာနဲ့ ကစားသမား ပြောင်းလဲအသုံးပြုခဲ့တာတွေက ဆိုးလ်ရှားအတွက် နိုင်ပွဲတွေ ပြန်ရစေခဲ့သလို ဖိအားတွေလည်း လျော့သွားစေခဲ့ပါတယ်။ တိုက်စစ်မှူး မာရှယ်၊ ကာဗာနီ၊ မေဆင်ဂရင်းဝုဒ်တို့ ပါဝင်လာဖို့ မ‌သေချာတာကြောင့် ရက်ရှ်ဖို့ဒ် ကို အထောင်တိုက်စစ်မှာထားပြီး ပွဲထွက်လာနိုင်ပါတယ်။ ကွင်းလယ်ပိုင်းမှာတော့ ဘရူနိုဖာနန်ဒက်စ်၊ ပေါ့ဘာ၊ မက်တော်မီနေး၊ ဖရက်ဒ်၊ မားတစ်စတဲ့ ကစားသမားတွေကို အသုံးပြုလာဖွယ်ရှိနေပြီး နောက်တန်းမှာတော့ ဝမ်ဘစ်ဆာခါ၊ လင်ဒီအော့ဖ်၊ လုခ်ရှော၊ တွန်ဇွန်ဘီ၊ အဲလက်စ် တဲလ်လက်စ်စတဲ့  ကစားသမားတွေနဲ့ ပွဲထွက်လာနိုင်ပါတယ်။ နည်းပြ ဆိုးလ်ရှား အနေနဲ့  ၄-၂-၃-၁ ကစားကွက် အသုံးပြုမလား။ ဒါမှမဟုတ် ၅-၃-၂ ကစားကွက်ကိုပဲ အသုံးပြုမလား ဆိုတာကတော့ စောင့်ကြည့်ရမှာပါ။ နည်းပြဖရန့်ခ် လမ်းပတ်ရဲ့ ချယ်လ်ဆီး ကတော့ ပွဲစဉ် ၅ ပွဲ ကစားပြီးချိန်မှာတော့ ၂ပွဲနိုင်၊ ၂ပွဲသရေ၊ ၁ပွဲရှုံးပြီး ရမှတ် ၈ မှတ်နဲ့  ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ဖြစ်တဲ့ ဆောက်သမ်တန် နဲ့ ပွဲမှာတော့ အိမ်ကွင်းမှာ ၃ဂိုးစီ သရေကျခဲ့ပြီး ကြားရက်မှာကစားတဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာတော့ လာလီဂါကလပ် ဆီဗီယာအသင်းကို ဧည့်ခံကစားခဲ့ရာမှာတော့ ဂိုးမရှိ သရေကျခဲ့လို့ လမ်းပတ်အတွက် ထိုက်သင့်တဲ့ ဖိအားတချို့ ပြန်ဝင်သွားခဲ့ပါတယ်။ အခုနှစ်အပြောင်းအရွှေ့ကမှ ခေါ်ယူအားဖြည့်ထားတဲ့ တီမိုဝါနာ၊ ကိုင်ဟာဗက်ဇ်တို့ ခြေစွမ်းပြနေတယ် ဆိုပေမယ့် လိုအပ်ချက်တွေတော့ ရှိနေပါသေးတယ်။ တီမိုဝါနာ၊ ပူလီဆစ်၊ ကိုင်ဟာဗက်ဇ်၊ ဂျော်ဂျင်ဟို၊ ကန်တေ၊ မေဆန်မောင့်၊ ရစ်ဆီဂျိမ်းစ်၊ ဘန်ချေးဝဲလ်၊ ဇူးမား၊ သီယာဂိုဆေးလ်ဗား စတဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားပြီး အင်အားတောင့်တင်းလွန်းတဲ့ ချယ်လ်ဆီးအနေနဲ့ ဒီထက်ပိုတဲ့ စွမ်းဆောင်ရည်ကောင်း တွေ ပြသသင့်နေပါပြီ။ အစဉ်အလာအတိုင်း ပြိုင်ဆိုင်မှု ပြင်းထန်ဦးမယ့် မန်ချက်စတာယူနိုက်တက်နဲ့ ပွဲစဉ်မှာတော့ လမ်းပတ် အနေနဲ့ ဘယ်ကစားသမားတွေကို ပွဲထွက်စေပြီး ဘယ်လို နည်းနစ်ဗျူဟာတွေနဲ့ ပွဲထွက်လာမလဲဆိုတာတော့ စောင့်ကြည့်ရမှာပါ။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ရမှတ် ၈ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၈နေရာမှာရပ်တည်နေတဲ့ ချဲလ်ဆီး

ဒီနှစ်သင်းရဲ့ ပြိုင်ပွဲစုံ ထိပ်တိုက်တွေ့ဆုံမှုပေါင်း ၁၈၇ ကြိမ် ရှိခဲ့ရာမှာ မန်ချက်စတာယူနိုက်တက်က ၈၁ကြိမ်အထိ အနိုင်ရထားပြီး ချယ်လ်ဆီးက ၅၅ ကြိမ်ပြန်လည်အနိုင်ရထားပါတယ်။ သရေပွဲကတော့ ၅၁ပွဲ အထိရှိထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၁၀ စုနှစ်တစ်ခု အတွင်း ပရီးမီးယားလိဂ် မှာ ပွဲ ၂၀ ယှဉ်ပြိုင် ကစားထားရာမှာတော့ မန်ချက်စတာယူနိုက်တက်က ၇ပွဲနိုင်ပြီး ချယ်ဆီးက ၆ပွဲနိုင် နဲ့ ၇ပွဲ သရေကျထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ထိပ်တိုက်တွေ့ဆုံမှုမှာ ယူနိုက်တက်က နှစ်ကျော့စလုံး အနိုင်ရထားခဲ့ပါတယ်။ အခုနှစ် ပရီးမီးယားလိဂ် အိမ်ကွင်းမှာကစားခဲ့တဲ့ ပွဲစဉ် ၂ပွဲစလုံး ရှုံးနိမ့်ထားတာ ကတော့ နည်းပြဆိုးလ်ရှားအတွက် အခုပွဲမှာ မဖြစ်မနေ အိမ်ကွင်းနိုင်ပွဲ ရယူဖို့လိုအပ်နေခဲ့ပါပြီ။ နှစ်သင်းစလုံး ဒီပွဲစဉ်အပြီး ကြားရက် မှာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေ ကစားဖို့ရှိနေလို့ ဖိအားပိုများနေတဲ့ ချယ်လ်ဆီးအတွက် ပွဲပန်းဖို့ရှိနေပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
မန်ချက်စတာ ယူနိုက်တက် vs ချဲလ်ဆီး 1X2 မန်ချက်စတာ ယူနိုက်တက် @ 2.44
အောက်တိုဘာလ ၂၄ ရက်, ည ၁၁:၀၀ နာရီ (GMT + ၆:၃၀)

1×2 ရဲ့ပေါက်ကြေးအရ အိမ်ရှင်အတွက်  ၂.၄၄ဆ ကြေးဖွင့်ပေးထားပြီး ဧည့်သည် အသင်းအတွက် ကိုတော့ ၂.၇၁ဆ ကြေးဖွင့်ပေးထားပါတယ်။ သရေအတွက်ကတော့ ၃.၄၅ဆ သတ်မှတ်ပေးထားပါတယ်။ အခြေအနေအကြောင်းအရာ အရပ်ရပ်ကို ခြုံငုံ သုံးသပ်ရမယ်ဆိုရင်တော့ အိမ်ကွင်းအစဉ်အလာ၊ လက်တလော နိုင်ပွဲဆက်မှု၊ ချန်ပီယံလိဂ်ဖိအားနဲ့ အခုရာသီမှာ ပထမဦးဆုံး အိမ်ကွင်း နိုင်ပွဲ ရှာရမယ့် မန်ချက်စတာယူနိုက်တက်ပဲ အနိုင်ရရှိဖို့ များပါတယ်။ ယူနိုက်တက်ကို ဒီတစ်ကြိမ်မှာလည်း ထပ်ပြီးယုံကြည်ထားတာ မမှားနိုင်ပါဘူး။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်