နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အစဉ်အလာအတိုင်း ဘွန်ဒက်စ်လီဂါ ဒေါ့မန်တို့ နိုင်ပွဲဆက်ဦးမယ်

အော့စ်ဘာဂ် Vs ဒေါ့မန်

အခုတစ်ပတ်စနေနေ့ရဲ့ မြန်မာစံတော်ချိန် ည ၈နာရီအချိန်မှာ ဘွန်ဒက်စ်လီဂါ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အော့စ်ဘာဂ်နဲ့ ဒေါ့မန်တို့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။နှစ်သင်းစလုံး ရာသီအဖွင့်ပွဲစဉ်မှာ ဂိုးပြတ်နိုင်ပွဲကိုယ်စီရရှိထားကြလို့ SBOTOPရဲ့ ဘွန်ဒက်စ်လီဂါ ပရိသတ်တွေ အကြိုက်တွေ့မယ့် ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့လည်းရှိနေပါတယ်။

 

 

ဒေါ့မန်တို့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၁ မှာ မိုချင်ဂလတ်ဘတ်အသင်းကို ဟာလန်း၊ ရေနာတို့ရဲ့သွင်းဂိုးတွေ နဲ့ ဂိုးပြတ်အနိုင်ရထားခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ အဖွင်ပွဲစဉ် ၆ ကြိမ်ဆက် အနိုင်ရရှိခဲ့တဲ့ ဒေါ့မန်တို့ အခုပွဲမှာ အော့စ်ဘာဂ်ကို ထပ်ပြီးအနိုင်ရခဲ့မယ်ဆိုရင်တော့ ၄ကြိမ်မြောက် ရာသီအစ နှစ်ပွဲဆက် အနိုင််ရဖို့ ရှိနေပါတယ်။ အဲ့ဒီပွဲမတိုင်ခင်က ဂျာမန်ပိုကယ်ဖလား ပွဲစဉ်မှာလည်း ဒူရစ်ဘာဂ့် အသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရထားပြီး လူစီယန်ဖက်ဘရီ ကိုင်တွယ်နေတဲ့ ဒေါ့မန်တို့ ရာသီအစမှာ အရှိန်ပြင်းပြင်းနဲ့ တာထွက်လာတဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ ဖလား ၄လုံး ချန်ပီယံ ဘေယန်မြူးနစ်ကို ဖိအားပေးနိုင်ဖို့ အဆင်သင့် ဖြစ်နေပြီဆိုတာ သေချာပါတယ်။ ရာသီအကြိုပြင်ဆင်မှုအနေနဲ့ လူငယ်ကြယ်ပွင့် နှစ်ဦးဖြစ်တဲ့ ဘာမင်ဂမ်က ဂျူဒ့် ဘယ်လင်ဂမ်၊ ရီးရဲမက်ဒရစ် လူငယ်တိုက်စစ်မှူး ရိန်နီရာ တို့ အပြင် ပီအက်စ်ဂျီ ညာနောက်ခံလူ သောမက်စ်မျူနီယာကို ခေါ်ယူအားဖြည့်ထားပါတယ်။ နောက်ပြီးတော့ မနှစ်ကမှ အသင်းကိုရောက်ရှိလာပြီး လက်ရှိအထိ ၂၃ ပွဲပဲကစားရသေးပေမယ့် သွင်းဂိုး ၂၀ ရှိထားတဲ့ အာလင်းဘရွတ် ဟာလန်း၊ ဒေါ့မန်အကယ်ဒမီထွက်  အသက် ၁၇နှစ်သား ဂျီယိုဗန်နီ ရေနာ တို့ဟာလည်း အရွယ်နဲ့ မလိုက်အောင်စွမ်းဆောင်ပေးထားနိုင်လို့ ဒီနှစ်ထဲမှာ ဒေါ့မန်ဘယ်လောက် အခြေအနေထိ အောင်မြင်မလဲဆိုတာ စောင့််ကြည့်ရဖို့ ရှိနေပါတယ်။

ဘွန်ဒက်စ်လီဂါ အဖွင့်ပွဲစဉ်တိုင်း အနိုင်ရဖို့ ရုံးကန်ရလေ့ရှိတဲ့ အော့စ်ဘာဂ် အသင်းကတော့ ဒီနှစ်မှာ ထူးထူးခြားခြားပဲ ယူနီယံဘာလင်ကို အဝေးကွင်းမှာ သွားရောက် အနိုင်ယူထားပြီး အဖွင့်လှခဲ့ပါတယ်။အော့စ်ဘာဂ်တို့ ပြီးခဲ့တဲ့ တစ်ရာသီလုံး ၃၄ ပွဲကစားရာမှာ ၉ ပွဲနိုင် ၉ပွဲသရေ ၁၆ပွဲရှုံးပြီး တန်းဆင်းဇုန်ရဲ့ အထက် အဆင့် ၁၅ နေရာမှာရပ်တည်ခဲ့တဲ့အသင်းလည်း ဖြစ်ပါတယ်။ ဒီနှစ်အတွက်ကိုတော့ ကစားသမားသစ် ၅ ဦးလောက်ထိ ခေါ်ယူအားဖြည့်ထားပြီး ကစားသမားသစ်တွေရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် သမိုင်းတစ်လျှောက်  အဖွင့်ပွဲစဉ် မှာ ရှားရှားပါးပါး အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။  ဒေါ့မန်တို့အနေနဲ့ ပြီးခဲ့တဲ့ရာသီက ထိပ်ဆုံးက ဘေယန်မြူးနစ်နဲ့၁၃ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်ခဲ့ပြီးဘွန်ဒက်စ်လီဂါ  ခ=ရဲ့ ဒုတိယ  အကောင်းဆုံးအသင်းဆိုတာကို သက်သေပြထားနိုင်ခဲ့ပါတယ်။

ဘွန်ဒက်စ်လီဂါ အဖွင့်ပွဲစဉ်တိုင်း အနိုင်ရဖို့ ရုံးကန်ရလေ့ရှိတဲ့ အော့စ်ဘာဂ်
၂၀၂၀-၂၀၂၁ဘွန်ဒက်စ်လီဂါ အဖွင့်ပွဲမှာ ယူနီယံဘာလင်ကို ဂိုးပြတ်အနိုင်ရထားတဲ့ အော့စ်ဘာဂ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

၁၀ စုနှစ် တစ်ခုအတွင်း အော့စ်ဘာဂ်နဲ့ ဒေါ့မန်တို့ရဲ့ အကြိမ် ၂၀မြောက် တွေ့ဆုံခြင်းလည်း ဖြစ်ပါတယ်။ တွေ့ဆုံချိန်တိုင်းမှာ ဒေါ့မန်တို့ အသာရလေ့ရှိပြီး ၁၂ ပွဲအထိ အနိုင်ရထားခဲ့ပါတယ်။ သရေ ၅ ပွဲရှိခဲ့ပြီး အော့စ်ဘာဂ် ကတော့ ၂ ပွဲပဲ ပြန်လည်အနိုင်ရထားပါတယ်။ နှစ်သင်းစလုံး ရဲ့ နောက်ဆုံး ၅ ပွဲစွမ်းဆောင်ရည်ကိုကြည့်မယ်ဆိုရင် ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးထားပါတယ်။ ပြီးခဲ့တဲ့ရာသီက ထိပ်တိုက်တွေ့ဆုံမှုမှာတော့ ဒေါ့မန် က နှစ်ကျော့စလုံးအနိုင်ရပြီး တစ်ပွဲကို ၅ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ဒေါ့မန်တို့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ မစတင်ခင် ကလပ်အသင်း ခြေစမ်းပွဲအပါအဝင် လက်ရှိအချိန်အထိ ၇ ပွဲ ကစားထားရာမှာ ၄ ပွဲနိုင် ၂ပွဲရှုံး ၁ ပွဲသရေ ကျထားပြီး ဖီယင်နု၊ ဘိုချမ်တို့နဲ့ကစားခဲ့တဲ့ ခြေစမ်းပွဲတွေမှာ ရှုံးနိမ့်ထားခဲ့ပါတယ်။ အဓိကပြိုင်ပွဲတွေ ဖြစ်တဲ့ ဘွန်ဒက်စ်လီဂါနဲ့ ပိုကယ်ဖလားပွဲစဉ်တွေမှာတော့ ကစားသမား စုံစုံလင်လင်နဲ့ ဂိုးပြတ်အနိုင်ရထားတာ တွေ့ရပါတယ်။  အော့စ်ဘာဂ်တို့အနေနဲ့ကတော့ ဒေါ့မန်လိုအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပေမယ့် လက်ရှိ ခြေစွမ်းပိုင်းအရ ကွာဟမှုတွေ ရှိနေသေးလို့ အိမ်ကွင်း ၇ပွဲဆက် ရှုံးနိမ့်ထားမှုကို ရပ်တန့် နိုင်ဦးမယ် မထင်ပါဘူး။ ဒေါ့မန်ကတော့ နောက်ဆုံးကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ၆ ပွဲဆက် အနိုင်ရရှိထားတဲ့ အသင်းဖြစ်ပါတယ်

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အော့စ်ဘာဂ် Vs ဒေါ့မန် အချိန်ပြည့် 1×2 ဧည့်သည် @ ၁.၄၂ဆ
စက်တင်ဘာလ ၂၆ ရက်, ည ၈:၀၀ (GMT + ၆:၃၀)

1×2ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအနိုင်ရမယ်ဆိုရင်တော့ ၆.၄၀ ဆရရှိမှာ ဖြစ်ပြီးတော့ ဧည့်သည်အသင်း အနိုင်ရမယ် ဆိုရင်တော့ ၁.၄၂ ဆရရှိမှာ ဖြစ်ပါတယ်။‌‌ရေရလဒ်အတွက်ကတော့ ၄.၈၀ ဆ ကြေးဖွင့်ထားပါတယ်။အစဉ်အလာအရ ရော လက်ရှိကစားသမားစုဖွဲ့မှုအရရော အိမ်ရှင်အော့စ်ဘာဂ်အနေနဲ့ ဒေါ့မန်ကို အနိုင်ရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာကြောင့် ဧည့်သည်အသင်းဘက်မှာပဲ ရပ်တည်တာ အရှုံးမရှိတဲ့ ရွေးချယ်မှုပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်