နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံးရ ပရီးမီးယားလိဂ် အပြောင်းအရွှေ့သတင်းများ

နှစ်စဥ်နှစ်တိုင်း အပြောင်းအရွှေ့ကာလ ရောက်ရင် တိတ်ဆိတ်နေတတ်တာ အာဆင်နယ်အသင်းပါ။ဒါပေမယ့် ဒီနှစ်မှာတော့ နည်းပြသစ်အာတေးတား အနေနဲ့ အသင်းကို ပြင်ဆင်မှုတွေ ပြုလုပ်နေပြီးတော့ လက်ရှိအပြောင်းအရွှေ့ ကာလမှာ ဥရောပကလပ်အသင်းကြီး တော်တော်များက ကစားသမားတွေကိုတောင် ခေါ်ယူဖို့ပစ်မှတ်ထားနေပါတယ်။ ဒါဟာ အရင်နစ်တွေထက် စာရင် အများကြီးတိုးတက်လာတယ်လို့ ပြောရမှာ ဖြစ်ပြီး ကစားသမားသစ်ခေါ်ယူဖို့ အမြဲလက်တွန့်တဲ့ အာဆင်နယ်ကတော့ လက်ရှိပရီးမီယားလိဂ် အပြောင်းအရွှေ့ စျေးကွက်မှာ ခပ်သွက်သွက်လှုပ်ရှားနေခဲ့ပါပြီ။

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှုး လာကာဇက်ကိုတော့ စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အသင်း ကပြောင်း ရွှေ့ကြေးတစ်ရပ်အပြင် အသင်းမှာရှိတဲ့ ဟီဂွာအင်၊ ဒေါက်ကလပ်ကော်စတာ၊ ခရစ်စတီယန် ရိုမီရို တို့ထဲက တစ်ဦးကို အလိုက်ပေးလဲလှယ်ဖို့ ပြင်ဆင်လာပါတယ်။ အာဆင်နယ် အတွက် အာဂျင်တီးနားသား ဟီဂွင်အင်ကတော့ အသက်အရွယ်အပြင် ပေးချေရမယ့် လုပ်ခလစာများပြားလို့ အာတေးတား အနေနဲ့ ခေါ်ချင်မှာမဟုတ်ပါဘူး။ အကယ်၍ အပြောင်းအရွှေ့ ဖြစ်မြောက်လာခဲ့မယ်ဆိုရင် ဒေါက်ဂလပ်စ် ကော်စတာနဲ့ ရိုမီရို နှစ်ဦးထဲက တစ်ဦးကို ပရီးမီးယားလိဂ်ဆီ အရောက် ခေါ်ယူမယ့် သဘောမှာရှိပါတယ်။

ပရီးမီးယားလိဂ်ထိပ်သီး မန်စီးတီးအသင်းဟာ သီယာဂို အလ်ကန်တာယာကို စိတ်၀င်စားနေတဲ့ အသင်းစာရင်းထဲ ပါ၀င်လာပါတယ်။
အနည်းဆုံးပေါင်သန်း ၅၀ တန်ကြေးရှိနေတဲ့ အလ်ကန်တာယာ

နောက်ထပ်စီးရီးအေ ကလပ်တစ်ခုဖြစ်တဲ့ ရိုးမားကလည်း အာဆင်နယ်ကွင်းလယ်ကစားသမား တော်ရိုင်းယားကို သူတို့အသင်းက အသက် ၂၂နှစ်အရွယ် ကွင်းလယ်ကစားသမားလေး အမာဒူဒီဟာ၀ါဟာနဲ့ ဒဲ့လဲလှယ်ဖို့ ကမ်းလှမ်းထားပါတယ်။ ဒါပေမယ့် နည်းပြအာတေးတား အနေနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းက သောမက်စ်ပါတေးကိုပဲ စိတ်၀င်စားနေလို့ အပြောင်းအရွှေ့ ဖြစ်လာနိုင်ချေနည်းပါးပါတယ်။

၀က်ဖိုဒ့်အသင်းဟာ ဆီနီဂေါတောင်ပံကစားသမား အစ်မယ်လာဆားအတွက် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ လိုချင်နေတယ်လို့ သိရပါတယ်။ ဆားကိုတော့ ပရီးမီးယားလိဂ်ချန်ပီယံ လစ်ဗာပူးလ်နဲ့ တခြားဥရောပကလပ်အသင်းကြီး တော်တော်များများက စိတ်၀င်စားနေပါတယ်။ အစ်မယ်လာဆားကိုယ်တိုင်ကလည်း လစ်ဗာပူးလ်မှာမကစားချင်တဲ့ သူဘယ်သူရှိမလဲဆိုပြီး ပြောကြားထားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ထိပ်သီး မန်စီးတီးအသင်းဟာ သီယာဂို အလ်ကန်တာယာကို စိတ်၀င်စားနေတဲ့ အသင်းစာရင်းထဲ ပါ၀င်လာပါတယ်။ ဘေယန်မြူးနစ်က စပိန် ကွင်းလယ်လူ အဲလ်ကန်တာယာကို အဓိကချိတ်ဆက်နေတဲ့ အသင်းကတော့ လစ်ဗာပူးလ် ပဲဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းက စိတ်၀င်စားနေဆဲဖြစ်တဲ့ အက်စတန်ဗီလာ တောင်ပံကစားသမား ဂျက်ဂရေးလစ်ရှ်ဟာ အားလပ်ရက် အနားယူနေရာကနေ ချက်ချင်းပြန်လာပြီး အသင်းရဲ့ အမှုဆောင်အရာရှိချုပ် ခရစ်စတီယန်ပါစလိုနဲ့ အရေးကြီးတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ မကြာခင်မှာတော့ အသက် ၂၄နှစ်အရွယ် အဂ်လန်သားရဲ့ အနာဂတ်ကို သိရဖို့ရှိနေပါတယ်။

နောက်ထပ်အပြောင်းအရွှေ့သတင်းတွေအရဆိုရင်တော့ ပြင်သစ်ကွင်းလယ်ကစားသမား အော်ရာ အနေနဲ့ အသင်းကနေ ထွက်ခွာဖွယ် ရှိတယ်လို့ လိုင်ယွန်အားကစားဒါရိုက်တာ ဂျူနင်ဟိုက ပြောကြားလိုက်ပါတယ်။ အသက် ၂၂နှစ်သာ ရှိသေးတဲ့ အော်ရာကို ခေါ်ယူချင်နေတဲ့ အာဆင်နယ် ၊ မန်ချက်စတာစီးတီး နဲ့ ဂျူဗင်တပ်စ်တို့ အတွက် သတင်းကောင်းဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်