နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၁၃ ကြိမ်မြောက် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တက်သွားတဲ့ ဘာစီလိုနာ

ဘာစီလိုနာ ၃-၁ နာပိုလီ

ဘာစီလိုနာတို့ ပထမအကျော့တုန်းက နာပိုလီကွင်းမှာ တစ်ဖက်တစ်ဂိုးစီသရေကျထားခဲ့ပေမယ့် အိမ်ကွင်းနူးကမ့်မှာတော့ ၃-၁ရလဒ်နဲ့ အနိုင်ယူပြီးတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ဒါဟာ ဘာစီလိုနာအတွက် ၁၃ကြိမ်မြောက် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ နာပိုလီကတော့ ပွဲမစခင်ကတည်းက ကြိုတင်ခန့်မှန်းထားခဲ့တဲ့ အတိုင်းပဲ ဘာစီလိုနာကို ဘယ်လိုမှမယှဉ်နိုင်ပဲ ပြိုင်ပွဲကနေ နှုတ်ဆက်ခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ ဘာစီလိုနာတိုက်စစ်မှူး လီယိုမက်ဆီ အကောင်းဆုံးခြေစွမ်းပြကစားသွားခဲ့ပြီး သွင်းဂိုးတစ်ဂိုးလည်းရယူပေးနိုင်ခဲ့ပါတယ်။ ဂတ်တူဆိုရဲ့ နာပိုလီအသင်းဟာလည်း ၃-၁ရလဒ်နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမယ့်လည်း ဘာစီလိုနာဘက်ကို ဂိုးပေါက်ခြိမ်းခြောက်မှု ၁၈ကြိမ်ထိပြုလုပ်နိုင်ခဲ့တာကိုချီးကျူးရမှာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ဒီနှစ်အတွက် ချန်ပီယံလိဂ်ဖလားရရှိဖို့ ထင်ကြေးပေးခြင်းခံထားရတဲ့အသင်းလည်းဖြစ်ပါတယ်။ နောက်တစ်ဆင့်မှာတော့ ဂျာမန်ဘီလူးကြီးနဲ့ ထိပ်တိုက်တွေ့ဆုံနေလို့ အခုထက်ပိုကောင်းတဲ့ခြေစွမ်းမျိုး ပြသနိုင်ဖို့လိုအပ်နေပါတယ်။

 

အထင်ကရအချက်အလက်များ

ဘာစီလိုနာတို့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို ထိုက်ထိုက်တန်တန်ပဲတက်ရောက်သွားနိုင်ခဲ့ပါတယ်။
အခုနှစ်ချန်ပီယံလိဂ် ၃ဂိုးမြောက်သွင်းဂိုး ရရှိခဲ့တဲ့ မက်ဆီ

ဒီပွဲကိုတော့ နှစ်သင်းစလုံး အဓိကကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ကြပြီးတော့ နောက်တစ်ဆင့်တက်ဖို့ အကြိတ်အနယ်ကစားသွားကြပါတယ်။ ဒါပေမယ့် အရည်အသွေးပြည့်တဲ့ကစားသမားတွေပိုများတဲ့ ဘာစီလိုနာအနိုင်ရသွားတာဖြစ်ပါတယ်။ ပွဲအစ ၁၁မိနစ်မှာတင် ဘာစီလိုနာ နောက်ခံလူ ကလီးမန့်လန်းဂ်လတ် ရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့အတူ ဦးဆောင်နိုင်ခဲ့ပြီး ၂၃မိနစ်မှာတော့ မက်ဆီက တစ်ကိုယ်တော်စွမ်းရည်နဲ့ နာပိုလီနောက်ခံလူတွေကြားကနေ အော့စ်ပီနာရဲ့ ညာဘက်ထောင့်ထဲကို လှလှပပကန်သွင်းပြီး ဒုတိယဦးဆောင်ဂိုးရယူပေးခဲ့ပါတယ်။ အဲ့နောက် ပထမပိုင်းပွဲပြီးခါနီးမှာ နာပိုလီဂိုးဧရိယာထဲကနေ နောက်ခံလူ ကိုလီဘာလီရဲ့ ကန်တင်ချက်ကို ၀င်တားခဲ့တဲ့ မက်ဆီထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ရုပ်သံအနှေးပြကွက်တွေ ပြန်ကြည့်ရင် ကိုလီဘာလီမမှားတာကို မြင်တွေ့ရမှာ ဖြစ်ပေမယ့် ကွင်းလယ်ဒိုင်ကတော့ ပင်နယ်တီပြစ်ဒဏ်ဘောသတ်မှတ်ပေးခဲ့ပါတယ်။ ဒီဂိုးကိုတော့ တိုက်စစ်မှူး လူး၀စ်ဆွာရက်ဇ်က အမှားအယွင်းမရှိကန်သွင်းပြီး တတိယဦးဆောင်ဂိုးရယူပေးခဲ့ပါတယ်။ နောက်ထပ် ၄မိနစ်အကြာမှာတော့ ဘာစီလိုနာက ရာကီတစ်ရဲ့ ဖျက်ထုတ်ပုံကြမ်းခဲ့လို့ နာပိုလီတို့ ပင်နယ်တီရခဲ့ပြီး အစ်ဆီဂနီက အဆုံးသတ်ပေးခဲ့ပါတယ်။ ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့ နာပိုလီတို့ အကောင်းဆုံးပုံစံနဲ့ ဘာစီလိုနာခံစစ်ကို ထိုးဖောက်ခဲ့တယ်ဆိုပေမယ့် အဆုံးသတ်ပိုင်းလိုအပ်ချက်တွေကြောင့် ပွဲအပြီးမှာ ၃-၁ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ဒါကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၄-၂နဲ့ ဘာစီလိုနာတို့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို ထိုက်ထိုက်တန်တန်ပဲတက်ရောက်သွားနိုင်ခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ကွာတားဖိုင်နယ်မှာတော့ ဘာစီလိုနာတို့ တစ်ဖက်ကချဲလ်ဆီးကို ဂိုးပြတ်အနိုင်ယူလာတဲ့ ဘေယန်မြုးနစ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ နာပိုလီအတွက်ကတော့ ခက်ခဲတဲ့ ရာသီတစ်ခုဖြစ်ခဲ့ပြီးတော့ စီးရီးအေမှာ အဆင့် ၇နေရာပဲရရှိခဲ့သလို ချန်ပီယံလိဂ်မှာလည်း ရှုံးထွက်အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်