နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အသင်းနဲ့ အောင်မြင်မှုမရပေမယ့် ခြေစွမ်းပြခဲ့ကြတဲ့ ပရီးမီးယားလိဂ် ကစားသမား၃ဦး

၂၀၁၉-၂၀၂၀ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးဟာ လစ်ဗာပူးလ်အသင်းရဲ့ နှစ်ပေါင်း၃၀အကြာ တစ်ကျော့ပြန် ချန်ပီယံဖြစ်မှုနဲ့အတူ ရာသီသိမ်းခဲ့ပြီးဖြစ်ပါတယ်။ လက်တလောမှာတော့ နှစ်စဉ်ဘောလုံးကလောင်ရှင်များ အဖွဲ့အစည်းကနေ ရွေးချယ်ချီးမြှင့်လေ့ရှိတဲ့  တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆု‌ပေးပွဲကျင်းပဖို့ရှိနေပါတယ်။ ဒီဆုကိုလစ်ဗာပူးလ်အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆင်၊ ဗာဂရေ ဗန်ဒိုက် နဲ့ မန်စီးတီးက ကီဗင်ဒီဘရိုင်းတို့ ထဲက တစ်ဦးဦးရရှိသွားဖို့ရှိနေပါတယ်။ နှစ်စဉ်ရွေးချယ်ချီးမြှင့်ခဲ့တဲ့ ဒီဆုကို ထိပ်သီး ၆သင်းစာရင်း၀င်အသင်း‌ တွေထဲက ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေကို နှိုင်းယှဉ်ပြီး ရွေးချယ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။၂၀၁၀-၂၀၁၁ ရာသီမှာ  ၀က်စ်ဟမ်းအသင်းဟာ အဆင့်၂၀နေရာမှာရပ်တည်ခဲ့ပေမယ့် စကော့ပါကားကတော့ ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုရရှိခဲ့ပါတယ်။ လက်ရှိမှာလည်း အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုမရခဲ့ပေမယ့် တစ်ဦးချင်းစွမ်းဆောင်ရည် အကောင်းဆုံးပြသနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ကစားသမားတချို့လည်း ရှိနေပါသေးတယ်။အဲ့ထဲကမှ ကစားသမား ၃ဦးကို SBOTOP ရဲ့ ပရီးမီးယားလိဂ်ပရိသတ်တွေအတွက် ရွေးချယ်ဖော်ပြပေးပါရစေ။
 

 

ဂျင်မီဗာဒီ (လက်စတာစီးတီး)

ဗာဒီကတော့ ၂၀၁၉-၂၀၂ဝ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုရှင်ဖြစ်ခဲ့ပြီးတော့ သွင်းဂိုး၂၃ဂိုးနဲ့ ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ အသက်အရွယ်ဟာ အဓိကမဟုတ် ဆိုတဲ့ စကားကို သက်သေပြနိုင်ခဲ့တဲ့ အသက် ၃၃နှစ်အရွယ် ဗာဒီဟာ သမိုင်းတစ်လျှောက် အသက်အကြီးဆုံးရွှေဖိနပ်ဆုရှင်အဖြစ် မှတ်တမ်း၀င်သွားပါတယ်။  ဗာဒီဟာ ၂၀၀၉-၂၀၁၀ ဘောလုံးရာသီက ချဲလ်ဆီးတိုက်စစ်မှူး ‌ဒရော့ဘာရဲ့ အသက် ၃၂နှစ်နဲ့ ရွှေဖိနပ်ဆုရခဲ့တဲ့ စံချိန်ကိုလည်း ကျော်ဖြတ်နိုင်ခဲ့တာပါ။ ဗာဒီအနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလကနေ ဒီဇင်ဘာလအတွင်းကစားခဲ့တဲ့ ၈ပွဲမှာ ၁၁ဂိုးထိသွင်းယူနိုင်ခဲ့တာကြောင့် ရွှေဖိနပ်ဆုအတွက် အခြေအနေကောင်းသွားခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်တိုက်စစ်မှူး ဗာဒီကတော့ လက်စတာစီးတီးအသင်းမှာ ၂၀၁၂ခုနှစ်ကတည်းက စတင်ကစားခဲ့တာဖြစ်ပြီးတော့ ပွဲပေါင်း ၃၁၃ပွဲကစားထားရာမှာ သွင်းဂိုး၁၃၀ သွင်းယူပေးထားနိုင်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ အခုနှစ်ပရီးမီးယားလိဂ်ရဲ့ အကောင်း‌ဆုံးအပြောင်းအရွှေ့တစ်ခုလို့ သတ်မှတ်ခဲ့ကြပါတယ်။
ဘရူနိုဖာနန်ဒက်စ်ရောက်ရှိချိန်ကတည်းကဘပရီးမီးယားလိဂ် ရှုံးပွဲမရှိသေးတဲ့ ယူနိုက်တက်

 

ဒန်နီအင့်ဂ် (ဆောက်သမ်တန်)

လက်စတာတိုက်စစ်မှူး ဗာဒီရဲ့နောက်မှာရပ်တည်နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ဒုတိယသွင်းဂိုးအများဆုံးကစားသမား  ဒန်နီအင့်ဂ်ကိုတော့ ဒီစာရင်းမှာ မပါမဖြစ်ရွေးချယ်ရမှာပါ။ ဒန်နီအင့်ဂ်ဟာ ဗာဒီရဲ့ သွင်းဂိုး ၂၃ ဂိုးရဲ့ အောက် တစ်ဂိုးလျော့ပြီး  အာဆင်နယ်တိုက်စစ်မှူး အော်ဘာမီယန်နဲ့ သွင်းဂိုးတူ  ၂၂ဂိုးထိရရှိခဲ့ပါတယ်။ အမှတ်ပေးဇယား အဆင့် ၁၀ကျော်မှာရပ်တည်နိုင်ခဲ့တဲ့ အသင်းတစ်သင်းကနေ သွင်းဂိုး ၂၀နဲ့အထက်သွင်းယူနိုင်တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ ဒန်နီအင့်ဂ်ဟာ အခုတစ်ရာသီထဲသွင်းဂိုး ၂၂ဂိုးထိရရှိခဲ့တာဟာ ၂၀၁၅ကနေ ၂၀၁၉ခုနှစ်အတွင်းသွင်းယူခဲ့တဲ့ သွင်းဂိုးစုစုပေါင်းထက် ပိုများနေခဲ့ပါတယ်။လစ်ဗာပူးလ်မှာ ဒူးနှစ်ဖက်လုံး ဒဏ်ရာရှိခဲ့လို့ ပုံမှန်ပွဲထွက်ခွင့်မရခဲ့တဲ့  ဒန်နီအင့်ဂ်ဟာ လက်ရှိမှာ‌တော့ အသက် ၂၈အရွယ်ရှိနေပြီဖြစ်လို့ လာမယ့် ၂၀၂၁ယူရို ပြိုင်ပွဲအတွက် အင်္ဂလန်အသင်းလူစာရင်းမှာ ရွေးချယ်ခံရဖို့ မျှော်လင့်နေပါတယ်။
 

ဘရူနို ဖာနန်ဒက်စ် (မန်ချက်စတာယူနိုက်တက်)

ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ အခုနှစ်ပရီးမီးယားလိဂ်ရဲ့ အကောင်း‌ဆုံးအပြောင်းအရွှေ့တစ်ခုလို့ သတ်မှတ်ခဲ့ကြပါတယ်။‌ ဖာနန်ဒက်စ်ရောက်ရှိခဲ့ချိန်ကလို့ ယူနိုက်တက်တို့လုံး၀ပြောင်းလဲသွားခဲ့ပါတယ်။ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ကို ပြန်ရောက်လာခဲ့သလို ရာသီကုန်မှာ ချန်ပီယံလိဂ်၀င်ခွင့်ပါအရယူသွားနိုင်ခဲ့ပါတယ်။ဖာနန်ဒက်စ်ရောက်ရှိချိန်ကတည်းက ပရီးမီးယားလိဂ်ရှုံးပွဲမရှိသေးသလို ကစားသမားကိုယ်တိုင်ကလည်း ၁၇ပွဲကစားထားရာမှာ ၈ဂိုးသွင်းယူပြီး ၇ကြိမ်ဂိုးဖန်တီးမှုပြုလုပ်ထားပါတယ်။ ဒီလိုစွမ်းဆောင်ရည်အရ တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆု အတွက် ဖာနန်ဒက်စ် သေချာပေါက်မျှော်မှန်းလို့ ရပေမယ့် ဇန်နဝါရီအပြောင်းအရွေ နောက်ဆုံးအချိန်ကျမှ ရောက်ရှိလာခဲ့တဲ့ ကစားသမားတွေကို ရွေးချယ်မယ့်စာရင်းထဲမထည့်ထားဘူးလို့သိရပါတယ်။ဒုတိယရာသီ၀က်ကိုပဲ ကြည့်ပြီးဆုံးဖြတ်ရမယ်ဆိုရင်တော့ ဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို ကျိန်းသေပေါက်ဆွတ်ခူးနိုင်မှာပါ။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်