နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စပယ်လက်တီကို အသင်း ကနေ ထွက်ခွာနိုင်ကြောင်း တံခါးဖွင့်ပေးထားတဲ့ နာပိုလီ၊ စီးရီးအေ ကလပ်တွေရဲ့ စိတ်ဝင်စားခြင်း ခံနေရတဲ့ ယော်ဒီ အဲလ်ဘာ (စီးရီးအေ နောက်ဆုံးရ သတင်းများ)

စပယ်လက်တီကို အသင်း ကနေ ထွက်ခွာနိုင်ကြောင်း တံခါးဖွင့်ပေးထားတဲ့ နာပိုလီ၊ စီးရီးအေ ကလပ်တွေရဲ့ စိတ်ဝင်စားခြင်းခံနေရတဲ့ ယော်ဒီ အဲလ်ဘာ အစရှိတဲ့ သတင်းတွေ အပါအဝင် မေလ ၂၂ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


စပယ်လက်တီကို အသင်း ကနေ ထွက်ခွာနိုင်ကြောင်း တံခါးဖွင့်ပေးထားတဲ့ နာပိုလီ

နာပိုလီ ဥက္ကဌ အော်ရီလီယို ဒီလော်ရန်းတစ်ဟာ အသင်း နည်းပြ လူစီယာနို စပယ်လက်တီကို အသင်း ကနေ ထွက်ခွာဖို့ တံခါးဖွင့်ပေးထားကြောင်း သတင်းတွေက ဖော်ပြလာပါတယ်။

ပရီးမီးယား လိဂ်
ဘရိုက်တန်
မန်ချက်စတာစီးတီး
1X2 သရေ (Draw) @ 3.70
ဂိုးအောက် 3.00 @ 2.07
ပထမပိုင်း ဂိုးပေါ် 1.50 @ 2.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အဆိုပါ နည်းပြကြီးဟာ ဒီရာသီမှာ အသင်းကို စီးရီးအေ အမှတ်ပေးချန်ပီယံဆု ရရှိအောင် ဦးဆောင် လမ်းပြနိုင်ခဲ့ပေမယ့် သူ့ရဲ့ အနာဂတ် ကတော့ မတည်မငြိမ်ဖြစ်နေဆဲပါ။ ကနဦး မှာတော့ ဒီလော်ရန်းတစ်က စပယ်လက်တီကို လက်လွှတ်ခံသွားမှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပေမယ့် လက်ရှိအချိန် မှာတော့ စပယ်လက်တီရဲ့ နာပိုလီ နည်းပြ အနာဂတ်နဲ့ ပတ်သက်လို့ မရေမရာ ပြောကြားလာခဲ့တာပါ။

ဒီ‌လော်ရန်းတစ်က စပယ်လက်တီရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ အသင်းမှာ ဆက်ရှိဖို့ မျှော်လင့်ကြောင်း၊ ဒါက သံသယဖြစ်စရာ မရှိကြောင်း၊ ဒါပေမယ့် ဘဝမှာ လွတ်လပ်ခွင့်က တိုင်းတာလို့ မရဘဲ လူတစ်ယောက်ရဲ့ အတောင်ပံတွေကို ထိန်းချုပ်နိုင်ခွင့် မရှိကြောင်း၊ ကျွန်တော် ကိုယ်တိုင်လည်း ဘယ်သူ့ကိုမှ ဒါမျိုးလုပ်မှာ မဟုတ်ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။


စီးရီးအေ ကလပ်တွေရဲ့ စိတ်ဝင်စားခြင်းခံနေရတဲ့ ယော်ဒီ အဲလ်ဘာ

လာမယ့် နွေရာသီမှာ ဘာစီလိုနာ ကနေ ထွက်ခွာနိုင်ချေ ရှိနေတဲ့ ဝါရင့် ဘယ်နောက်ခံလူ ယော်ဒီ အယ်လ်ဘာကို ခေါ်ယူဖို့ စီးရီးအေ ထိပ်သီး အသင်းတွေ ဖြစ်ကြတဲ့ ဂျူဗင်တပ်စ်နဲ့ အင်တာမီလန် တို့က အပြိုင်အဆိုင် စိတ်ဝင်စားနေကြောင်း သိရပါတယ်။

လာမယ့် နွေရာသီမှာ ဘာစီလိုနာ ကနေ ထွက်ခွာနိုင်ချေ ရှိနေတဲ့ ဝါရင့် ဘယ်နောက်ခံလူ ယော်ဒီ အယ်လ်ဘာကို ခေါ်ယူဖို့ စီးရီးအေ ထိပ်သီး အသင်းတွေ ဖြစ်ကြတဲ့ ဂျူဗင်တပ်စ်နဲ့ အင်တာမီလန် တို့က အပြိုင်အဆိုင် စိတ်ဝင်စားနေကြောင်း သိရပါတယ်။
ရာသီအကုန်မှာ ဘာစီလိုနာကို စွန့်ခွာနိုင်ဖွယ် ရှိနေတဲ့ ယော်ဒီ အယ်လ်ဘာ

ဘာစီလိုနာဟာ အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကြောင့် အယ်လ်ဘာကို လစာလျှော့ယူစေပြီး အသင်းမှာ ဆက်ထားဖို့ ဆန္ဒရှိနေပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ နွေရာသီ ကလည်း ဘာစီလိုနာတို့ အယ်လ်ဘာကို အင်တာမီလန်ထံ လက်လွှတ်ဖို့ ပြင်ဆင်ခဲ့ပေမယ့် ကစားသမား ကိုယ်တိုင်က ငြင်းဆန်ခဲ့တာကြောင့် မအောင်မြင်ခဲ့ပါဘူး။
လာမယ့် နွေရာသီ မှာတော့ ဘာစီလိုနာတို့ အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကို ချိန်ညှိရမယ့် အပြင် အသင်း ကိုလည်း သွေးသစ်လောင်းဖို့ တစ်ပြိုင်နက်တည်း ပြင်ဆင်နေပါတယ်။ ဒါကြောင့်လည်း အယ်လ်ဘာ တစ်ယောက် ကတ်တလန် ကလပ်ကို စွန့်ခွာဖို့ ရှိနေပြီး သူ့ရဲ့ အတွေ့အကြုံ ရင့်ကျက်မှုတွေကြောင့် အင်တာမီလန်၊ ဂျူဗင်တပ်စ် တို့ရဲ့ စိတ်ဝင်စားခြင်း ခံနေရတာလည်း ဖြစ်ပါတယ်။


စီးရီးအေမှာ ရှေ့ဆက်ဖို့ ယုံကြည်မှုတွေ ရရှိခဲ့တယ်လို့ ပီအိုလီပြော

အေစီမီလန် နည်းပြ စတီဖန်နို ပီအိုလီက ဆမ်ဒိုးရီးယားကို အနိုင်ရရှိခဲ့တဲ့ ပွဲကြောင့် အသင်း အနေနဲ့ စီးရီးအေမှာ ရှေ့ဆက်ဖို့ ယုံကြည်မှု ပြန်လည် ရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ မီလန် မြို့ခံ အသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ကနေ ထွက်ခွာခဲ့ရပြီး နောက်ပိုင်း ပထမဆုံးပွဲ အဖြစ် ဆမ်ဒိုးရီးယားနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ အဲဒီပွဲမှာတော့ အေစီမီလန်က ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အဆင့် (၄) နေရာက လာဇီယိုထက် ၁ ပွဲပို၊ ၁ မှတ်လျော့နဲ့ ဖိအားပေးနိုင်ခဲ့ပါတယ်။

ပွဲအပြီး မှာတော့ ပီအိုလီက ချန်ပီယံလိဂ်ရဲ့ စိတ်ပျက်ဖွယ် အနေအထား ကနေ ပြန်လာရခဲ့တဲ့နောက် ဒီပွဲက ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ကြောင်း၊ ကျွန်တော်တို့က ဂိုးတွေ အများကြီး သွင်းနိုင်ခဲ့ပြီး စီးရီးအေမှာ ရှေ့ဆက်ဖို့ အတွက် ယုံကြည်မှုတွေ ရရှိခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်